HTML သမိုင်းအစ

4:49 AM ---



1989 ခုနှစ်က Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန်မယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခဲ့ပါသည်။ အဲဒီ Berners-Lee ရဲ့ နည်းပညာကို Hyber Text Markup Language ( HTML ) လို့ ခေါ်ဆိုခဲ့တာပါပဲ ။

HTML ဆိုတာဘာလဲ .... ?

၁။ HTML သည် Hyper Text Markup Language ကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါတယ် ...။ Hyper Link ဆိုသည်မှာ ဖိုင်တစ်ခုမှ အခြားဖိုင် တစ်ခုသို့ ဆက်သွယ်ချိတ်ဆက်ခြင်းကို ခေါ်ပါတယ် ... ။ Text files များကို HTML Tags များဟုခေါ်သော Less Than Sign ( < ) နှင့် Greater Than Sign ( > ) ထည့်သွင်းတည်ဆောက်၍ HTML ရေးသားနည်းများဖြင့် ပြုလုပ်နိုင်ပါတယ် ....။ Web Browse ဟုခေါ်သော သတင်းအချက်လက်ဖိုင်များကို ကြည်ရှု့ဖွင့်ဖတ်၍ Process ပြုလုပ်နိုင်သော Software များသည် ယင်း Tags များကိုဖတ်၍ Screen ပေါ်တွင် မှန်ကန်စွာ ပြနိုင်ပေသည် ... ။

HTML ၏အလုပ်လုပ်ပုံ .....

၂။ Browser သည် URL ( Uniform Resources Locator ) ဟုခေါ်သော Information ၏တည်နေရာကို ဖော်ပြသော လိပ်စာ ( ဥပမာ ..Htun@mptmail.net.mm ) ကိုအသုံးပြု၍ သက်ဆိုင်ရာ အဝေးတစ်နေရာရှိ Server များသို့ Request လုပ်သည် ..။ သက်ဆိုင်ရာ Server Information များ Return ပြန်လာသောအခါ Browser သည် ၎င်း Information ရှိ Tags များ HTML များကို ဖြေရှင်းဆောင်ရွက်၍ Information များ Web Pages များအဖြစ်သို့ ပြသနိုင်ပါသည် ..။

Ref:Xai Yak

1 comments:

Post a Comment