အင်တာနက် ဗဟုသုတ

1:08 AM ---



အီးမေလ်း စတင်ပေါ်ပေါက်လာပုံ

ARPANETတွင်အသုံးပြုနိုင်မည့်ပထမဆုံးအီးမေလ်းစနစ်ကိုစတင်ကြံဆသူမှာ BBN မှ Ray /Tomlinson ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သည် ဟုသိရသည်...။။ username နှင့် address ကြားတွင်အသုံးပြုသည့် @ ကိုလည်းသူကပင်ရွေးချယ်သတ်မှတ်ပေးခဲ့ပါသည်....။။

အင်တာနက်ကိုစတင်အသုံးပြုခဲ့သူ ဘယ်သူလဲ

မှတ်တမ်းများအရ ကာလီဖိုးနီးယား university မှသူတေသနပညာရှင် Charley Kline သည်မျက်မှောက်ခေတ်အင်တာနက်၏ ကနဦးမိုဒယ်ဖြစ်သောARPANET ကို ၁၉၆၉ နှစ်အောက်တိုဘာလ ၂၉ရက်နေ့ တွင်ပထမဆုံးစတင်အသုံးပြုခဲ့သည်ဟုသိရသည်...။။
Kline သည် Standford Research Institute သို့ ဆက်သွယ်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊သူ၏ဆက်သွယ်မှုမှာ မအောင်မြင်ခဲ့ပေ..။။

ပရိုတိုကောများ

အဝေးတစ်နေရာမှ ကွန်ပျူတာတစ်လုံးသို့ လှမ်းပြီး log on ၀င်ရောက်နိုင်သည့်ပထမဆုံး ပရိုတိုကောမှာRequest for comment (RFC) ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်ပေါ်ထွက်ခဲ့သည်..။RFC သည်ကွန်ရက်အတွင်းတွင်ကွန်ပျူတာများအချင်းချင်းသူတေသနရလဒ်များကို ဖလှယ်ရန်အတွက်ဖြစ်သည်။ဖိုင်အမျိုးမျိုးဖလှယ်နိုင်သော ftp protocol မှာလည်း RFC တစ်ခုအဖြစ်၁၉၇၃ခုနှစ်တွင်ပေါ်ပေါက်ခဲ့သည်။
ဟားဘတ်ကျောင်းသားတစ်ဦး၏ဘွဲ့ ယူစာတမ်းမှတစ်ဆင့်ပေါ်ထွက်ခဲ့သောEthernet protocolကိုမူ local networkများတွင်တွင်ကျယ်စွာအသုံးပြုကြသည်။ထို့ နောက်.. TCP/Iခေါ်ပရိုတိုကောများပေါ်ပေါက်လာသောအခါအင်တာနက်မှာ လူအများကျယ်ပြန့်စွာအသုံးပြုနိုင်သောအဆင့်သို့ တိုးတက်လာသည်။TCP/IP ကို၁၉၈၃တွင် ကမ်ဘာသုံးအဖြစ်သတ်မှတ်ခဲ့ကြသည်...။။

(ISP) ဆိုတာ ဘာလဲ

Internet Service Provider ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်...။။ISP တွေဟာသင့်ရဲ့ ကွန်ပျူတာနဲ့  အင်တာနက်ရဲ့  ကြားမှာ Gateway အဖြစ်နဲ့  ဆောင်ရွက်ပေးပါတယ်..။။ISP တွေဟာ.. dail-up broadband စတဲ့ အကောင့်အမျိုးအစားအမျိုးမျိုးကို ရေါးချယ်ခွင့်ပေးပါတယ်..။။ဝန်ဆောင်စရိတ်ကို နှစ်စဉ်ကြေး(စိတ်ကြိုက်သုံး)ပုံစံနဲ့ ဖြစ်စေ၊နာရီနဲ့ ဖြစ်စေ..download ပမာဏပေါ်မူတည်ပြီးဖြစ်စေပေးချေရပါတယ်..။။

Bandwidth နဲ့  Broadband တို့ ရဲ့  Defination

Bandwidth ဆိုတာအင်တာနက် connection ရဲ့  အမြန်နှုန်းကိုတိုင်းတာတဲ့ ယူနစ်စနစ်တစ်ခုဖြစ်ပါတယ်..။။သမားရိုးကျ dail-up modem တွေဟာ.. ယနေ့ စံချိန်နဲ့ ကြည့်ရင် Bandwidth ထက်ကျဉ်းတဲ့အတွက်webpage တွေကို ဖွင့်ရာမှာ email ပို့ ရာမှာ download ဆွဲရာမှကြာမြင့်တတ်ပါတယ်..။။ ADSL, cable နဲ့  satellite တို့ ရဲ့  Bandwidth ကပိုမြင့်တဲ့အတွက် connectin ပိုမိုမြန်ဆန်ပါတယ်..။။
သူတို့ ကိုခြုံငုံပြိး broadband လို့ ခေါ်ခြင်းဖြစ်ပါတယ်။ယေဘုယျအားဖြင့် Bandwidth အင်တာနက်အသုံးပြုရတာ(အထူးသဖြင့် ဗီဒီယို downlaod တွေ video call တွေမှာ)ပိုမိုအဆင်ပြေချော့မွေ့ လာနိုင်ပါတယ်..။။dail-up modem တွေရဲ့  speed ဟာ 56 Kbps ကနေ 1.5 Mbps အထိရှိနိုင်ပါတယ်...။။တိတိကျကျပြောရရင်တော့ connection မြန်တိုင်းပိုပြီးမြန်မြန်ဆန်ဆန် download လုပ်နိုင်မယ်လို့ မဆိုလိုနိုင်ပြန်ပါဘူးdeta တွေ (bit တွေ) အများကြီး ကိုတပြိုင်တည်း download လုပ်နိုင်တယ်လို့ သာဆိုလိုရင်းဖြစ်ပါတယ်။ bit တစ်ခုစီရဲ့ အမြန်နှုန်းကလည်း အလင်းရဲ့  အမြန်နှုန်းထက်မပိုနိုင်တော့ပါဘူး...။။

Bit နဲ့  Byte

Bit ဆိုတာ ကွန်ပျူတာက သိနားလည်တဲ့ အသေးဆုံးအခြေခံယူစ်စနစ်ဖြစ်ပါတယ်..။။0 သို့  1 ကိုကိုယ်စားပြုပါတယ်..။။ အင်တာနက်ဆိုတာကတော့ အဲဒီ 0 နဲ့  1 တွေ အမျိုးမျိုးတွဲဆက်ပြီး A,B,C,D စတာတွေဖြစ်အောင် ဖော်ပြပေးတာသာဖြစ်ပါတယ်..။။ ဥပမာ 56 Kbps မူ modem ဆိုရင် 1 sec မှာ bit ပေါင်း ၅၆၀၀၀ ကိုလွဲပြောင်းလက်ခံနိုင်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်.။ Byte ဆိုတာကတော့ Bit ရှစ်လုံးအတွဲအစပ်ကိုဆိုလိုတာပါ အက်ခရာ တစ်လုံး သို့  ဂဏန်းတစ်လုံးကို Byte တစ်ခု (သို့ ) Bit ရှစ်ခု နဲ့  ကိုယ်စားပြုဖော်ပြရတာဖြစ်ပါတယ်..။။

Ref:လူဝကြီး

0 comments:

Post a Comment